产品介绍

Emindsoft Translation Cloud သည် တရုတ်ဘာသာနှင့် အာဆီယံနိုင်ငံများမှ ဘာသာစကားတို့ကို အပြန်အလှန် ဘာသာပြန်ဆိုပေးနိုင်သော ဝန်ဆောင်မှု ပလက်ဖောင်း တစ်ခုဖြစ်သည်။အာဆီယံဘာသာစကားဆိုင်ရာ ဝေါဟာရစကားစုပေါင်း ၁၀သိန်းကျော်ကို Network Applications နှင့် Cloud Applications တို့မှတစ်ဆင့် စုစည်းပေးထားပြီး mobile devices (iPhone, iPad, Android စသည်) ကို အသုံးပြု၍ ဝေါဟာရများ၊ ဥပမာဝါကျပုံစံများကို အလွယ်တကူ ရှာဖွေနိုင်သည့်အပြင် ဝေါဟာရများသင်ယူလေ့လာခြင်း၊ ဆော့ဝဲဖြင့်ဘာသာပြန်ပေးခြင်း စသည်တို့ကို လွယ်လင့်တကူပြုလုပ်နိုင်မည်ဖြစ်ပါသည်။ထို့ပြင် အင်တာနက်ကိုအသုံးပြု၍ software မှတစ်ဆင့် အော်ဒါပေးခြင်း၊ ငွေချေခြင်းများပြုလုပ်ကာ ဘာသာပြန်သူများနှင့်ဆက်သွယ်နိုင်ပြီး ဝန်ဆောင်မှုများရယူနိုင်ပါသည်။ အဆိုပါ ဝန်ဆောင်မှုများအပြင် တိုင်ကြားတုံ့ပြန်မှုများပြုနိုင်သည့် ခြေရာကောက်ဝန်ဆောင်မှုများကိုလည်း ထည့်သွင်းပေးထားပါသည်။

Emindsoft Translation Cloud တွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ ဘာသာစကားများကို တရုတ်ဘာသာနှင့် အပြန်အလှန် လွယ်ကူစွာ ဘာသာပြန်ဆိုနိုင်ပါသည်။ Translation Cloud တွင် ဝေါဟာရရှာဖွေခြင်း၊ စာကြောင်းလိုက်ဘာသာပြန်ခြင်း၊ အင်တာနက်စာမျက်နှာဘာသာပြန်ပေးခြင်း၊ အသံဖြင့်ဘာသာပြန်ပေးခြင်းစသည့် အသုံးဝင်သော ဝန်ဆောင်မှုများစွာ ပါရှိသဖြင့် ခရီးသွားလည်ပတ်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ အစည်းအဝေးပွဲများတက်ရောက်ခြင်း၊ စာပေများဖတ်ရှုခြင်း တို့အတွက် လိုအပ်သောဘာသာပြန်ဝန်ဆောင်မှုများကို ကောင်းစွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။